Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Wednesday, September 30, 2009

သီတင်းကျွတ် အခါသမယ

( Picture fm Google )

အောက်တိုဘာလ ၃ ရက်နေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်ပါကြောင်း သတိပေး နှိုးဆော် တိုက်တွန်းအပ်ပါသည်။

Friday, September 25, 2009

ဗလာ

( photo fm Google )

မက်မောခဲ့ဖူးတယ်
အိပ်မက်ထဲက ထိုတစ်နေ့ကို ။

အဆုံးသတ်ပြန်တော့လည်း
ဟဒယက
လစ်ဟာကြွင်းကျန်နေဆဲ ပါပဲ ။

တစ်နေ့နေ့တော့
ငါလိုချင်တဲ့
ငါ့အိပ်မက်ကို
ဆုပ်နမ်းနေတဲ့
ငါ့နှလုံးမှာ
အပြုံးပန်းတွေ
ပွင့်လန်းနေချင်သေးပါရဲ့ ။ ။

Friday, September 18, 2009

သက်တန့်တို့တစ်ဖန် ရောင်ဝါစုံသောနေ့

( picture from Google )
၈ နာရီကျရင် အောင်စာရင်းကို sms ပို့မည် ဆိုတာကြောင့် ပရိတ်ရွတ်ဖတ်နေရင်းက ဖုန်းကို ကွက်ကြည့်ကွက်ကြည့်လုပ်နေမိသည် ။ ဖတ်လက်စ ပရိတ်ကို ပြီးအောင် ရွတ်ဖတ်ပြီးတော့ ဖုန်းကို အပြေးကြည့်လိုက်တော့ ကိုယ့်မျက်စိတောင်မှားနေသလို ... အလွန်ပျော်သွား၏ ။


မည်သို့မျှမမှန်းခဲ့သော all A ။ AD တစ်ခုတောင် အဆစ်ပါသေး၏ ။ Diploma+ ဘာသာကတော့ B ။ ဘာပဲဖြစ်ဖြစ် semester တစ်ခု၏ အမြင့်ဆုံး grade point ကို ရတော့ ကိုယ့်ကိုကိုယ်ကျေနပ်မိ၏ ။ အဲဒီလို ကျေနပ်ဝမ်းသာမှုတွေရဲ့နောက်မှာ တစ်ပြိုက်နက်ချည်နှောင်လိုက်တဲ့ မျှော်လင့်ချက်အသစ်တွေ ၊ ခွန်အားအသစ်တွေ ၊ ယုံကြည်မှုတွေ နဲ့ ထိုက်တန်အောင် စွန့်လွှတ်ရမယ့် ပျော်ရွှင်လွတ်လပ်မှု တွေကတော့ တိတ်တိတ်ကလေးကြိုပြီး အောင်ပွဲခံနေလေရဲ့ ။ ။


ပြီးခဲ့တဲ့ semester က ရင်းနှီးခဲ့ရတဲ့ ဝမ်းနည်းမှုတွေ ၊ အထီးကျန်မှုတွေ ၊ ဥပေက္ခာပြုလျစ်လျူရှု့မှုတွေ ... ကြားထဲက တစ်ဖန်ရှင်သန်လာတဲ့လေရူးအတွက် Congratulations ပါ ။ အထူးသဖြင့် ဒီလို အခြေအနေဖြစ်အောင် ဖန်တီး ၊ အားပေးခဲ့တဲ့သူတွေဟာ အလွန်ပဲ ကျေးဇူးတင်စရာကောင်းလှပါတယ် ။


လေရူးအတွက် မိုးကုတ်စက်ဝိုင်းတို့ဆုံတဲ့နှစ်ကတော့ ဒီစာသင်နှစ်ပဲဖြစ်မယ်ထင်ပါတယ် ။ ဘယ်အရာအတွက်ပဲဖြစ်ဖြစ် ပေးဆပ်မှုဆိုတာ အတိုင်းအတာတစ်ခုအထိတော့ ရှိစမြဲပါပဲလေ ။ လောကစက်ဝန်းဆိုတာကလဲ တစ်ချိန်ကျရင်တော့ စမှတ်ကို ပြန်ရောက်စမြဲပဲ မဟုတ်ပါလား ။ ။
(၁၈.၉.၂၀၀၉)

Saturday, September 5, 2009

BAmazing Race ( NP Rchn )

It's BAmazing Race I registered to do volunteer as a first aider. I left from home around 7:45 am yestrday. I was excited as it's my first experience. Unfortunately , only there people showed up although ten people registered for this event . Because of manpower difficulty , we have to travel from one station to another. On the other hand , I had a chance to explore Singapore together with the participants .
+++++++++++++++++
Below is my Trip Plan :
Ngee Ann Poly > West Coast > Haw Par Villa ( Pasir Panjang ) > Orchard ( Ngee Ann City ) > Ngee Ann Poly
++++++++++++++++++
One of the lecturers from BA took us to West Coast by car. We need to follow the participants for other stations . It was not easy to find a way theirselves to get to desired station. My legs were aching when I arrived home around 6 pm. All I encountered as a first aider on the event day were minor cases , bruise (contusion ) and abrasion ( graze ) . Anyway , I were happy to be as a first aider on that event . =)

flowers I love from West Coast ( လုမ္ပဏီ အင်ကြင်း )
Haw Par Villa ( Pasir Panjang ) . Free admission . x)
Haw Par Villa : Fear Factors With this ( Scary and fun ^.^ )

My free LunchBox at Haw Par Villa (^..^)

They were finding the bus stop to get to orchard from Kallang . I was very thirsty and hot as it was around 1:30 pm ;(

It's my last station for BAmazing Race . ( Orchard )

What are they doing in fornt of Ngee Ann City ?
:P They were shy and happy as they were shouting and acting as follow :
( Do What I do Wah ? ) x 3
( Say What I say Wah ? ) x 2
( Why you raise your hands ? ) x2
( Very Smelly You Know ? ) :)

I am so sure that participants will also be very happy and have fun on BAmazing Race. x)

Thursday, September 3, 2009

3.9.2009 ( ကြာဇံကြော် )

မင်္ဂလာပါ ။
လေရူးနဲ့မီးဖိုချောင်

လေရူးက မြန်မာနိုင်ငံမှာတုန်းကဆို ဟင်းမချက်တတ်ပါဘူး ။ စားပဲစားတတ်တာ ။ ဒါနဲ့ စင်္ကာပူရောက်တော့လည်း စလုံးအိမ်မှာနေတာဆိုတော့ "ဆီလုံးဝမသုံးရ" ဆိုတာနဲ့ ဘာမှမချက်တတ်တဲ့သူနဲ့ အဆင်ပြေတာပေါ့ ။ ဒီကိုဆယ်တန်းအောင်တာနဲ့ရောက်တာလည်းပါတာပေါ့လေ ။ ( တကယ်တော့ ဆင်ခြေပါ ။ ) ဒါနဲ့ ကြာတော့ မြန်မာအစားအစာ ငတ်တော့လည်းမနေနိုင်ပါဘူးရယ်လေ ။ နောက် မြန်မာအိမ်ရောက်တော့လည်း စချက်ကြည့်ရတော့တာပေါ့ ။ အစကတော့ ငန်တာ ၊ အရောင်မလှတာတွေပဲ များပါတယ် ။ အခုတော့ကြည့်ပျော် ၊ ရှု့ပျော် ၊ စားပျော်တော့ရှိနေပါပြီ ။ :P ဒါတောင် တစ်ခါတစ်ခါ အစပ်အဟပ်က တည့်တာမဟုတ်ဘူး ။းD အွန်လိုင်းက ဟင်းချက်နည်းဘလော့တွေနဲ့ အိမ်ရှင်အစ်မတွေက အလွန်ကျေးဇူးတင်စရာကောင်းတဲ့ လေရူးရဲ့ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေပါ ။

+++++++++++++++++++++++++++

ကဲ ... ဒီကနေ့ ကြာဇံကြော်စားပါတယ် ။ လေရူးရဲ့ ပထမဦးဆုံးလက်ရာ ကြာဇံကြော်ပါ ။ ပန်းမုန်လာထုပ်လှီးတုန်း လက်ရှသွားပါသေးတယ် ။ အိမ်မှာလည်း ပလာစတာမရှိတော့ လက်ကို tissue အုပ်ပြီး အနီးအနားက ကုလားကုန်စုံဆိုင်ကိုပြေးရပါသေးတယ် ။ ကုလားမအစ်မကြီးက တော်တော်လေး သဘောကောင်းပါတယ် ။ လက်ကို အရက်ပျံတို့ပေး ၊ ဆေးလိမ်းပေးပြီး ပလာစတာကပ်ပေးလိုက်ပါတယ် ။ သူမက ပလာစတာဖိုးဘဲယူပါတယ် ။ အိမ်မှာလည်းမရှိတာမို့ ကျေးဇူတင်စွာနဲ့ ဟန်နီးပလတ်စ် ပလာစာ ၁ ဘူး ဝယ်လာလိုက်ပါတယ် ။းD ဒါလေးကတော့ ဒီနေ့ တွေ့ကြုံရတဲ့ နိုင်ငံရပ်ခြားနွေးထွေးမှုလေးတစ်ခုပါ ။း)

+++++++++++++++++++++++++
ကြာဇံကြော်တာကတော့ ကြာဇံကို ရေစိမ်ပြီး ပဲငံပြာရည် ( အပျစ် ) ၊ ဆား ၊ ခရုဆီတို့တို့နဲ့ရောနယ်ထားပြီး ဝက်အူချောင်း ၊ ဝက်သားတို့ ကြက်ဥတို့ကိုကြော်ထားလိုက်ပါတယ် ။ အစိမ်းကြော် ကြော်ပြီး အကုန်လုံးကိုရောသမမွှေလိုက်ပါတယ် ။ ပြီးတော့ ပေါ့အငန်မြည်းပြီးချလိုက်ပါတော့တယ် ။ မွှေတာ အမယ်တွေ များလွန်းနေလို့ အိမ်ကမမကို ကူပြီး မွှေခိုင်းရသေးတယ် ။ :P နောက်ဆုံးတော့ သူကပဲ ကြာဇံကြော်ကို လက်စသတ်ပေးလိုက်ပါတယ် ။

+++++++++++++++++++++++++++++++


ကြာဇံကြော်နဲ့တွဲပြီးစားဖို့ မန်ကျည်းချဉ်


သီးစုံကြာဇံကြော်


အအီပြေ ချိုချိုချဉ်ချဉ်ကီဝီသီး

အလှစားမဟုတ်ပါဘူး ။ အဝစားနော် ။း)

Wednesday, September 2, 2009

2.9.2009

ဒီကနေ့ဖတ်ဖြစ်တဲ့စာအုပ် - မေတ္တာရှင် ( ရွှေပြည်သာ ) ရဲ့ ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း
< http://mettashin.com/book-i.pdf >
စာတွေ့အသိတင် မဟုတ်ဘဲ လက်တွေ့အသိတွေ ပိုတိုးပွား ခိုင်မြဲအောင် ကြိုးစားရဦးမယ် ။

ဒီနေ့ Library က The Housekeeper and The Professor ( Yoko Ogawa ) ငှားလာတယ် ။ အင်္ဂလိပ်လိုဘာသာပြန်သူကတော့ Stephen Snyder ပေါ့ ။ လက်ရှိ စဖတ်ဆဲ စာအုပ်တစ်အုပ်ပေါ့ ။

Climax of Freedom

ကမ်းစပ်ကခြေရာများ

ဒီသီချင်းလေးကို နားထောင်လိုက်ရင် လက်ရှိပတ်ဝန်းကျင်ကနေ လွတ်မြောက်ပေါ့ပါး သွား သလို ခံစားရတယ် ။ ဒါကြောင့် မှတ်တမ်းတစ်ခုလေးအနေနဲ့ ဘလော့ပေါ်မှာ သိမ်းဆည်းထားလိုက်ပါတယ် ။

Tuesday, September 1, 2009

1.9.2009

ကျောင်းက ရက်ရှည်ပိတ်ထားတယ် ။ ဒီကနေ့ အပြင်မှာ မိုးလေးတဖွဲဖွဲရွာနေတယ် ။ ဒီ မိုးဖွဲလေးနဲ့ အတူ လေရူးရဲ့ စိတ်ကို စိုပြည်သွားစေတဲ့ စာအုပ်ကလေးကတော့
မေတ္တာရှင် ( ရွှေပြည်သာ ) ရဲ့ စာရိတ္တသတ္တိ ပါပဲ ။ ကျေးဇူးအထူးတင်လျက်ပါ ဆရာတော် ။
http://mettashin.com/book-c.pdf

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်