Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Friday, September 18, 2009

သက်တန့်တို့တစ်ဖန် ရောင်ဝါစုံသောနေ့

( picture from Google )
၈ နာရီကျရင် အောင်စာရင်းကို sms ပို့မည် ဆိုတာကြောင့် ပရိတ်ရွတ်ဖတ်နေရင်းက ဖုန်းကို ကွက်ကြည့်ကွက်ကြည့်လုပ်နေမိသည် ။ ဖတ်လက်စ ပရိတ်ကို ပြီးအောင် ရွတ်ဖတ်ပြီးတော့ ဖုန်းကို အပြေးကြည့်လိုက်တော့ ကိုယ့်မျက်စိတောင်မှားနေသလို ... အလွန်ပျော်သွား၏ ။


မည်သို့မျှမမှန်းခဲ့သော all A ။ AD တစ်ခုတောင် အဆစ်ပါသေး၏ ။ Diploma+ ဘာသာကတော့ B ။ ဘာပဲဖြစ်ဖြစ် semester တစ်ခု၏ အမြင့်ဆုံး grade point ကို ရတော့ ကိုယ့်ကိုကိုယ်ကျေနပ်မိ၏ ။ အဲဒီလို ကျေနပ်ဝမ်းသာမှုတွေရဲ့နောက်မှာ တစ်ပြိုက်နက်ချည်နှောင်လိုက်တဲ့ မျှော်လင့်ချက်အသစ်တွေ ၊ ခွန်အားအသစ်တွေ ၊ ယုံကြည်မှုတွေ နဲ့ ထိုက်တန်အောင် စွန့်လွှတ်ရမယ့် ပျော်ရွှင်လွတ်လပ်မှု တွေကတော့ တိတ်တိတ်ကလေးကြိုပြီး အောင်ပွဲခံနေလေရဲ့ ။ ။


ပြီးခဲ့တဲ့ semester က ရင်းနှီးခဲ့ရတဲ့ ဝမ်းနည်းမှုတွေ ၊ အထီးကျန်မှုတွေ ၊ ဥပေက္ခာပြုလျစ်လျူရှု့မှုတွေ ... ကြားထဲက တစ်ဖန်ရှင်သန်လာတဲ့လေရူးအတွက် Congratulations ပါ ။ အထူးသဖြင့် ဒီလို အခြေအနေဖြစ်အောင် ဖန်တီး ၊ အားပေးခဲ့တဲ့သူတွေဟာ အလွန်ပဲ ကျေးဇူးတင်စရာကောင်းလှပါတယ် ။


လေရူးအတွက် မိုးကုတ်စက်ဝိုင်းတို့ဆုံတဲ့နှစ်ကတော့ ဒီစာသင်နှစ်ပဲဖြစ်မယ်ထင်ပါတယ် ။ ဘယ်အရာအတွက်ပဲဖြစ်ဖြစ် ပေးဆပ်မှုဆိုတာ အတိုင်းအတာတစ်ခုအထိတော့ ရှိစမြဲပါပဲလေ ။ လောကစက်ဝန်းဆိုတာကလဲ တစ်ချိန်ကျရင်တော့ စမှတ်ကို ပြန်ရောက်စမြဲပဲ မဟုတ်ပါလား ။ ။
(၁၈.၉.၂၀၀၉)

2 comments:

လသာည said...

Congratulations နော် လေရူး။ ကြိုးစား...။ အားပေးနေမယ်.။

ရွှေပြည်သူ (ShwePyiThu) said...

Congratulations ပါ လေရူးရေ။ ဒီလို Academic Achievement ရဖို့ ဘယ်လောက်တောင် ပေးဆပ်ကြိုးစားရလဲဆိုတာ မှန်းကြည့်နိုင်လို့ တကယ်ချီးကျူးမိသလို ကျိုးစားမှုရဲ့ အသီးအပွင့်တွေကို ခံစားရလို့ ဝမ်းလည်းသာပါတယ်။

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်