Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Showing posts with label My Poly Life. Show all posts
Showing posts with label My Poly Life. Show all posts

Friday, October 23, 2009

Week 1


( Cartoon from Google )
ကျောင်းရဲ့ ပထမပတ်ပြီးဆုံးသွားပါပြီ ။ ကျောင်းက မနက် ၈ နာရီ သုံးရက်ဆက်ပါတဲ့ အတွက် ညဥ့်နက်မှအိပ်တဲ့သူအတွက်တော့ တော်တော်လေးအီပါတယ် ။

အဲဒီမှာ telecommunication principles က မနက် ၃ ရက်ပါပါတယ် ။ TP အတွက် ၈-နာရီတန်းက ၁ ရက်ထဲပါတာပါ ။ ( tutorial , practical နဲ့ lecture ) ပေါ့ ။ ဒါပေမယ့် သုံးရက်စလုံး နောက်ကျဖြစ်အောင် နောက်ကျပါတယ် ။ ၁၅ မိနစ် - မိနစ် ၂၀ လောက်ကို နောက်ကျပါတယ် ။ ပထမအပတ်မို့ အတန်းတိုင်းက မိတ်ဆက်လောက်ပဲဖြစ်သေးတာမို့ ဆရာက ဘာမှ မပြောပါဘူး ။ " Sorry , Sir " လို့ပြောတာ ကိုယ့်ကိုကိုယ် အသံတိုးမှန်း သိရက်နဲ့ နောက်ရက်တွေ နောက်ကျတော့လည်း အသံက ကျယ်ကျယ်ထွက်မလာပါဘူး ။ ဝင်ဝင် ပြောပြောနဲ့ အလောသုံးဆယ်ထိုင်တာဆိုတော့ " Sorry , Sir " ဆိုတာ ဆရာတောင်ကြားရဲ့လားမသိပါဘူး ။ ဆရာအတန်းကို စကားပြောနေတုန်း ဝင်လာရရင် အကုန်လုံးက အနည်းနဲ့အများတော့ အာရုံပျက်ရပါတယ် ။ သူများတွေ အာရုံမပျက်တောင် အနည်းဆုံးတော့ ဆရာရဲ့ မျက်စိက နောက်ကျပြီးဝင်လာတဲ့သူဆီကို ရောက်သွားတာပါပဲ ။ အဲဒီအတွက်ဆရာ့ကို တော်တော်လေးအားနာမိပါတယ် ။

စလုံးတွေလည်း ထုံးစံအတိုင်း နောက်ကျတဲ့သူတွေက နောက်ကျကြပေမယ့် အရင်အတိုင်း ဘာမှမဖြစ်သလိုပါပဲလေ ။ အဲဒီမှာ တစ်ချို့စလုံးတွေအများဆုံးပြောလေ့ရှိတာက " ငါတို့ ကျောင်းလခပေးလို့ ငါတို့ဆရာကိုငှားထားတာ ။ သူလည်းသူ့အလုပ်သူလုပ်နေတာပဲ ။ ငါတို့လည်း ငါတို့အဆင်ပြေသလို နေသာသလိုကျောင်းတက်မှာပဲ ။ " ဆိုပြီးပြောလေ့ရှိပါတယ် ။

သင်ပေးမယ့်တပည့်ကို ဆရာကမျှော်နေရတယ်ဆိုရင်တော့ လောကကြီးက စပြီး ဟန်ချက်ပျက်လာတာပါပဲ ။ ဆရာစာမသင်မီ အတန်းသားတွေ စောစောကြိုရောက်ပြီး စာစသင်ဖို့ အဆင်သင့်ပြင်ထားတာကလည်း ဆရာနဲ့တပည့်တွေရဲ့ကြားကိုနွေးထွေးစေတဲ့ ကြားခံနယ် ရိုသေလေးစားမှုတစ်ခုပါပဲ ။ အခုတော့ ၁၀ တန်းအောင်ပြီးကတည်းက အဲဒီ အရသာကို ကောင်းကောင်းမခံစားရတာ တော်တော်လေးကြာခဲ့ပါပြီ ။ ဘာပဲဖြစ်ဖြစ် " ညီညာထကြွ ဆုံးမနာယူ" ဆိုတဲ့အတိုင်း သင်ယူဖို့သွားတဲ့ တပည့်ဆိုတာ ဆရာ့ထက်တော့ စောစောကြိုရောက်သင့်တယ်မဟုတ်လား ။

လေရူးလည်း နောက်အပတ် အတန်းမစမီစောစောကြီုရောက်အောင် အိပ်ချိန်ကိုပြင်လိုက်ပါဦးမည် ။ ဒါကတော့ လေရူးရဲ့ week 1 က အတွေးစများဖြစ်ပါသည် ။

လေရူး
( Friday , 5:35 pm )

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်