Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Saturday, December 19, 2009

Maths & My Childhood life

( education - picture from google )
လေးထောင့်ဆို တခြားဟာလာမလုပ်နဲ့ဆိုတာတွေကြောင့် လိုအပ်လာတဲ့အခါ ကျွန်တော်တို့က ပုံစံတစ်မျိုးနဲ့ပဲ ချိန်ထိုးတတ်ခဲ့တာပါ ။ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး ဒီပုံစံဆိုတော့ နယ်ပယ်တစ်ခုမှာတော့ ပိုပြီးကျွမ်းကျင်နေတာပဲ မဟုတ်လား ။ ။
( စာကြွင်း ။ ။ ကျွန်တော်လို့ပဲ အားရလို့ ကျွန်တော်နဲ့ပဲ ရေးလိုက်ပါတယ် ။ မန်းလေးသူတွေ ကျွန်တော်ဆိုတဲ့ နာမ်စားကို သုံးတတ်ကြပါတယ် ။ )
ကျွန်တော်တို့ ငယ်ငယ်ကနေ ၆ တန်းလောက်အထိ သင်္ချာစာမေးပွဲဆို မေးခွန်းပုံစံက စာအုပ်ထဲကပု စ္ဆာနဲ့တစ်ပုံစံထဲ ။ ဒီကြားထဲ ၅ ပုဒ်လောက်ကို တစ်ပုဒ် အမှတ်၂၀ လောက်နဲ့ဆိုတော့ ဘာမှမရှိဘူးပေါ့ ။ မေးခွန်းက ဘယ်လောက်ထိ ချွတ်စွတ်တူသလဲဆိုရင် ဂဏန်းတောင်မပြောင်းပါဘူး ။
ဒီတော့ သင်္ချာသိပ်အားမကောင်းတဲ့သူအတွက်ဆိုလဲ ကိစ္စမရှိဘူးဗျ ။ ခဏခဏ သာတွက် ၊ ထပ်ခါ ထပ်ခါတွက် ။ အလွတ်ကျက်သလို မျိုးမဟုတ်ပေမယ့်  ဘာပြီးရင် ဘယ်လိုဆိုတာ အလို လို မှတ်မိသွားတော့ စဉ်းစားတတ်တဲ့ဥာဏ်ကလဲ အလိုလို လျော့သွားတာပေါ့ ။ ဒီကြားထဲ စာမေးပွဲကျ ကွက်တိဒါပဲဆိုတော့ သင်္ချာတွက်ရင် ဘယ်လိုစဉ်းစား ထုတ်ယူတွက်ချက်ရတယ်ဆိုတာ ဘာမှန်းမသိအောင်ကို အားနည်းသွားကြတာပါပဲ ။ ပြီးတော့ ဂဏန်းအသစ်နဲ့တွက်ရရင်ကို မှန်ပါ့မှန်ပါ့မလားဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု သိပ်အားနည်းသွားကြတာပါပဲ ။ ( ကျွန်တော်လဲ တစ်ခါတစ်ခါ အဲဒီလိုနေရာမျိုးမှာ အားနည်းနေစဲပါ ။ T_T )


ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ်အောင်လာလိုက်တာ ၆ တန်းထင်ပါတယ် ။ ရုတ်တရက် ဂဏန်းပြောင်းတာတောင်မဟုတ်ပဲ တစ်ချို့ ပုစ္ဆာ တွေကိုမေးခွန်းအသစ်ချမေးလိုက်ပါတယ် ။ လုံးဝမတွက်တတ်အောင် မမေးတာမဟုတ်ပါဘူး ။ သင်ထားတဲ့ သီအိုရီတွေပါပဲ ။ ဒါကို ပြန်ပြီး အသုံးချရုံပါ ။ အဲ နည်းနည်းပဲ ပါးနပ်ဖို့လိုတာပါ ။ အဲဒီတုန်းက ဆိုဘယ်ပြောကောင်းမလဲ ။ ကျလိုက်ကြတာ သောက်သောက်လဲပဲ ။ စာတော်တဲ့လူတွေထဲက အနည်းစုပဲ ၇၅ ၊ ၈၀ အနိုင်နိုင်ရတာဆိုတော့ ကျောင်းသား ကျောင်းသူလောကမှာ ပွက်လောညံသွားပါတယ် ။ ၉၀ ကျော်ရတဲ့သူ ၁ ယောက်စ ၂ ယောက်စတော့ရှိသေးပါတယ် ။ ကျွန်တော်လည်း အဲဒီလပတ်က ၇၀ ကျော်ထင်ပါတယ် ။ ဒါမေးဒါဖြေဘဝမှာ အတန်းတိုင်းနီးပါ ၉၆ နားပတ်လည်ဆိုတော့ သင်္ချာဆိုတာ ဒီလိုလုပ်ရတာပါလားဆိုပြီး တော်တော်တော့ဖြုံသွားပြီး ကိုယ့် အခြေနေကိုသိသွားပါတယ် ။ အဲဒီအတန်းမှ သင်္ချာဆိုတာကို စတင်ပြီးမိတ်ဆက်ပေးလိုက်သလိုပါပဲ ။
ဒါပေမယ့်လဲလေ ကျွန်တော်တို့ကျောင်းက မိဘတွေက သူ့သားသမီးတွေကို ဖူးဖူးမှုတ်ဆိုတော့ သားသမီးမျက်ရည် ကျတော့ စင်္ကာပူလောက် complain တက်တာ သိပ်အားမသန်ပေမယ့် ကျောင်းအုပ်ကြီးနားကို အဲဒီနေ့ပဲ ချက်ချင်းရောက်သွားပါတယ် ။ ကျွန်တော်တို့ကျောင်းမှာ အဲဒီအချိန်က စာမေးပွဲမေးခွန်းထုတ်ရင် ဘာသာရပ်ခေါင်းဆောင်ဆိုတာ အသီးသီးရှိပါတယ် ။ မေးခွန်းထုတ်မယ်ဆို သူတို့ကို သွားပြပြီး သူတို့က ဖြည့်စွက်အတည်ပြုပြီးမှ စာမေးပွဲမေးခွန်းရိုက်တာပါ ။ ဒီတော့ ဘာသာရပ်ခေါင်းဆောင်လက်ချက်ပေါ့ ။ ဒါပေမယ့် အဲဒီဆရာမကို သိပ်ပြီးကျေးဇူးတင်ရမှာပါ ။ သူသာအဲဒီလို ဒါမေးဒါဖြေပုံစံကို မတော်လှန်ခဲ့ရင် အခုအချိန် ကျွန်တော်သင်္ချာကို ဘယ်လို သဘောထားပြီးဘယ်လိုသင်ယူနေမယ်ဆို တာ မစဉ်းစားဝံ့တော့လောက်အောင်ပါပဲ ။ နောက်လပတ်တွေကျ ပထမဆုံးလပတ်လောက်တော့ မလှည့်တော့ပါဘူး ။ ဒါပေမယ့် သင်္ချာမေးခွန်းဆို ဒါမေးဒါဖြေ မရှိသလောက်နည်းသွားပါတယ် ။ အရင်ကထက် နည်းနည်းတော့ပိုကောင်းလာတာပေါ့ ။

ဒီလိုနဲ့ပဲ ၁၀ တန်းရောက်လာတာပေါ့ ။ အဲဒီကျတော့ လူကြီးမိဘတွေပြောနေကျ ဘဝရဲ့အချိုးအကွေ့ဆိုတော့ ကျောင်းသူကျောင်းသာတိုင်းကြိုးစားပန်းစား သင်ယူကြတာပေါ့ ။ ဒါပေမယ့်လဲ ၁၀ တန်းပုံစံတွေက ငယ်ငယ်ကတည်းက train လာတဲ့ ပုံစံမျိုးမဟုတ်တော့ ကျွန်တော်တို့မှာသိပ်ပင်ပန်းရပါတယ် ။ သင်ပေးရတဲ့ ကျောင်း ၊ ကျုရှင်ဆရာ / ဆရာမတွေလည်း ထိုနည်းလည်းကောင်းပေါ့ ။
ကျွန်တော့် သင်္ချာကျူရှင်ဆရာတစ်ယောက် ကရုဏာဒေါသောနဲ့ ပြောလိုက်တဲ့ စကား တစ်ခွန်း ကို အခုအချိန်အထိ ကြားယောင် ရှက်ရွံ့မိနေတဲ့ စကားတစ်ခွန်းရှိပါတယ် ။ ဆရာက သင်ရိုးကိုပဲယူပြီး တခြားဟာတွေထဲက သင်တာပါ ။ တစ်နေ့ ပုစ္ဆာအသစ်တစ်ပုဒ်ချပြတာ ပေါ့ ။ ဘယ်လိုမျိုးဆိုတာလဲ အရိပ်အမြွက်လမ်းကျောင်းပေးတယ် ။ ဒါပေမယ့် တပည့်တွေဆီက အဖြေကိုတွက်ယူမယ်ဆိုတဲ့ response က လုံးဝထွက်မလာပါဘူး ။ ဆရာက ဘာပြောလိုက်သလဲဆိုတော့ "မင်းတို့ အဲဒီလိုလုပ်နေ ၊ ဘာမှမစဉ်းစားပဲ ငတုံး ငအမကြီးတွေလိုလုပ်နေ မင်းတို့ ဦးနှောက်တွေ မုဒိန်းကျင့်ခံလိုက်ရတာကနေ ဘယ်တော့မှ ပြန်ကောင်းလာမှာမဟုတ်တော့ဘူး ။ ဒီလိုပဲနေ ၊ ဒီလိုပဲ ဘွဲ့ရ ၊ ဒီလိုပဲ အိမ်ထောင်ထူ ။ ဒီလိုပဲ ဘဝကို အဆုံးသတ် နောင်ကျ မင်းတို့ ဘဝဟာ Mr.Reproduction , Ms.Reproduction ဘဝနဲ့ပဲအဆုံးသတ်သွားမှာ " တဲ့ ။
အဲဒီကစပြီး ကျွန်တော့်စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တိတ်လေးချထားခဲ့ပါတယ် ။ ကျွန်တော့်ဘဝကို ဘယ်တော့မှ အဲဒီလိုအဆုံးမသတ်စေရဘူးလို့ ။ ကျွန်တော်လို့ ပြောစမှတ်ရှိစေမယ့် ဘဝမှတ်ကျောက်တစ်ခုခုတော့ တစ်ချိန်ချိန်မှာ ထောင်နိုင်စေရမယ် ဆိုပြီး ချထားခဲ့ပါတယ် ။ အခုလဲ ဆရာပြောခဲ့တဲ့ စကားအတိုင်းမဖြစ်အောင် ရောက်ရာဘဝမှာ လုံးချာပတ်ချာလိုက်ရင်း ကြိုးစားနေစဲလူငယ်တစ်ယောက်ဟာ တစ်ချိန်က ဆရာ့ရဲ့ အညတရ တပည့်လေးတစ်ယောက်ဖြစ်ပါတယ် ။ ။
*** ဆရာရွှင်လန်းကျန်းမာပါစေ ။ ။ ***

(Pictures from Google )

Thursday, December 17, 2009

Tuesday, December 15, 2009

A Change

ရောက်ခါစ

=> သကြားမပါသော သစ်သီးဖျော်ရည်တွေကို မသောက်ခဲ့တတ်သူ ....
=> ဆားမပါသော economic rice တွေကို မြိုမကျခဲ့သူ .....

=> ပူနွေးသော်လည်း ထမင်းကြမ်းကို လေသလပ်ထားသကဲ့သို့ မာကြောသော ထမင်းဆိုင်မှ ထမင်းနှင့် chicken rice ကို စားမဝင်ခဲ့သူ ...
=> Miso soup ကို သောက်ဖွယ်တစ်ခုလို့ပင် ခံစားလို့မရခဲ့သူ .....

=> အများတကာနှင့် တစ်ရင်းတစ်နှီးမဆိုထားနှင့် ... တစ်အိမ်ထဲနေသည့် အခြားအခန်းမှ အခန်းဖော်ကိုပင် သိပ်ပြီး အခေါ်အပြောမရှိသူ ...
=> စာနားမလည်သည့်တိုင် တစ်ယောက်ထဲ နားမလည် လည် အောင် ပေတေပြီးထိုင်ကြည့်နေတတ်သူ ....

=> မြန်မာအတန်းဖော်သူငယ်ချင်းမရှိပဲ တစ်နှစ်ပတ်လုံး လိုမှခေါ်သုံးတတ်သော စလုံးသူငယ်ချင်းများနှင့် လုံးချာပတ်ချာလိုက်ရင်း အထီးကျန်နေတတ်သူ ....
=>ကျောင်းမှာ တစ်ခြားမြန်မာတွေ အုပ်စုလိုက် ထမင်းစား Group Study လုပ်ရင် ခပ်လှမ်းလှမ်းမှ ငေးပြီး အမြဲအားကျနေတတ်သူ .....




=>when .... ? လို့ မေးရင် သူတို့တွေနားမလည်ဘူးဆိုတာ သိရက်နှင့်ပင် what time ...? ဟုဘယ်တော့မှ ပြင်မပြောတတ်ခဲ့သူ ...
=>ဆရာတွေကို စာမေးရင် ကိုယ်မေးချင်တာကို သူတို့ သဘောမပေါက်ရင် ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မေးဖို့ မကြိုးစားတော့သူ ....

=> ကိုယ့်ရဲ့ english Accent ကိုပိုကောင်းအောင်လုပ်ချင်တဲ့စိတ်ကူးရှိသော်လည်း များသောအားဖြင့် စကားပြောစရာသိပ်မရှိအောင် နေတတ်သူ ...
=>သူတို့ foreigner တွေပဲ တော်တော်နိုင်လွန်းတယ် လို့ပြောရင် စိတ်ထဲမှ အမြဲပြုံးမိနေသူ ....း)

=>သူ တရုတ်စကားနားမလည်ပါဘူးဆိုပြီး ပြောချင်ရာပြောတတ်သောသူတွေကိုလည်း သိ သိလျက်ပင် အမြဲလစ်လျူရှု့တတ်ခဲ့သူ ....
=> ထမင်းနှင့် သောက်စရာအပူတစ်ခုခု (သို့) ခေါက်ဆွဲတစ်မျိုးမျိုးနှင့်မှ မနက်စာကို အာသာပြေတတ်သူ

=> ကျောင်းကို ကားနှင့်လာပို့ လာကြိုလုပ်သူများကိုမြင်လျှင် စိတ်ထဲမှ အတိတ်ကာလတစ်ခုဆီကို တိတ်တိတ်ကလေး လွမ်းနေတတ်သူ ...
=> တစ်နေရာရာမှာ မိသားစုလိုက် သိုက်သိုက်ဝန်းဝန်းတွေ့လျှင် ကိုယ့်မိသားစုကိုလဲ ကိုယ့်ဘေးမှာ အမြဲရှိစေချင်ခဲ့သူ ....

=> သူများတွေ ရုပ်ရှင်မျိုးစုံကို အလုအယက်ကြည့်ချိန်မှာ e book တွေ blogs တွေကို အငမ်းမရဖတ်နေတတ်သူ ....
=> ကျောင်းကို မြန်မြန်ပြီးလေ ကောင်းလေလို့ ထင်နေမိသူ ...

( အခုတော့ ကျောင်းတက်ရတဲ့ တစ်ရက် တစ်ရက်ဆိုတာ ကုန်သွားရင်
မသိမသာနှမြောနေမိပြန်တယ် ။ )


အခုတော့ နှစ်နှစ်နီးပါးဆိုတဲ့ အချိန်ကာလလေးအတွင်း ...

ပြောင်းလဲ့သင့်တာတွေလည်း ပြောင်းလဲလို့ လက်ရှိဘဝကို အေးအေးချမ်းချမ်းနေတတ်နေပါပြီ ။း) အစကတည်းက အဲသလို နေတတ်ခဲ့ရင် ဘယ်လောက်များကောင်းလိုက်မလဲနော် ။ ။ :~D

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်