Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Saturday, October 24, 2009

သောင်ယံထက်က လေညင်းများ

Red Cross "First Aiders On wheels event" volunteer လုပ်တုန်းက east coast မှာ ရိုက်ထားတဲ့ဓာတ်ပုံတွေပါ ။ ပုံလေးတွေကို သဘောကျလို့တင်လိုက်တာပါ ။

ပေပြီးထိုင်နေလို့တော့မရဘူး ။ တစ်လမ်းလမ်းတော့ ရွေးရမှာပဲ ။
ဒီပိုက်ကြီးပေါ်ကကျော်မှ တံတားကိုရောက်နိုင်တာမဟုတ်ဘူးနော် ။
တစ်ခါတစ်ခါကျတော့လည်း ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ခဲ့ရတဲ့အချိန်တွေက အေးမြတဲ့အရိပ်အောက်က အချိန်တွေထက် ပိုပြီးအေးမြပါလားနော် ။

စည်းလုံးခြင်းသည်အင်အားတဲ့ ။ ဒီအပင်လေးတွေအတွက်တော့ တစ်မျိုးတော့တစ်မျိုးပဲ ။ ~_~

ကံကြမ္မာဆိုတာ ချိုတစ်လှည့် ၊ ခါးတစ်လှည့် ( ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်သီချင်းထဲကပါ ) ဒါပေမယ့်လည်းလေ ....နေရာတိုင်းမှာ သူ့သဘောနဲ့ သူတော့ အဓိပ္ပာယ်ရှိနေတာပါပဲလေ။

Friday, October 23, 2009

Week 1


( Cartoon from Google )
ကျောင်းရဲ့ ပထမပတ်ပြီးဆုံးသွားပါပြီ ။ ကျောင်းက မနက် ၈ နာရီ သုံးရက်ဆက်ပါတဲ့ အတွက် ညဥ့်နက်မှအိပ်တဲ့သူအတွက်တော့ တော်တော်လေးအီပါတယ် ။

အဲဒီမှာ telecommunication principles က မနက် ၃ ရက်ပါပါတယ် ။ TP အတွက် ၈-နာရီတန်းက ၁ ရက်ထဲပါတာပါ ။ ( tutorial , practical နဲ့ lecture ) ပေါ့ ။ ဒါပေမယ့် သုံးရက်စလုံး နောက်ကျဖြစ်အောင် နောက်ကျပါတယ် ။ ၁၅ မိနစ် - မိနစ် ၂၀ လောက်ကို နောက်ကျပါတယ် ။ ပထမအပတ်မို့ အတန်းတိုင်းက မိတ်ဆက်လောက်ပဲဖြစ်သေးတာမို့ ဆရာက ဘာမှ မပြောပါဘူး ။ " Sorry , Sir " လို့ပြောတာ ကိုယ့်ကိုကိုယ် အသံတိုးမှန်း သိရက်နဲ့ နောက်ရက်တွေ နောက်ကျတော့လည်း အသံက ကျယ်ကျယ်ထွက်မလာပါဘူး ။ ဝင်ဝင် ပြောပြောနဲ့ အလောသုံးဆယ်ထိုင်တာဆိုတော့ " Sorry , Sir " ဆိုတာ ဆရာတောင်ကြားရဲ့လားမသိပါဘူး ။ ဆရာအတန်းကို စကားပြောနေတုန်း ဝင်လာရရင် အကုန်လုံးက အနည်းနဲ့အများတော့ အာရုံပျက်ရပါတယ် ။ သူများတွေ အာရုံမပျက်တောင် အနည်းဆုံးတော့ ဆရာရဲ့ မျက်စိက နောက်ကျပြီးဝင်လာတဲ့သူဆီကို ရောက်သွားတာပါပဲ ။ အဲဒီအတွက်ဆရာ့ကို တော်တော်လေးအားနာမိပါတယ် ။

စလုံးတွေလည်း ထုံးစံအတိုင်း နောက်ကျတဲ့သူတွေက နောက်ကျကြပေမယ့် အရင်အတိုင်း ဘာမှမဖြစ်သလိုပါပဲလေ ။ အဲဒီမှာ တစ်ချို့စလုံးတွေအများဆုံးပြောလေ့ရှိတာက " ငါတို့ ကျောင်းလခပေးလို့ ငါတို့ဆရာကိုငှားထားတာ ။ သူလည်းသူ့အလုပ်သူလုပ်နေတာပဲ ။ ငါတို့လည်း ငါတို့အဆင်ပြေသလို နေသာသလိုကျောင်းတက်မှာပဲ ။ " ဆိုပြီးပြောလေ့ရှိပါတယ် ။

သင်ပေးမယ့်တပည့်ကို ဆရာကမျှော်နေရတယ်ဆိုရင်တော့ လောကကြီးက စပြီး ဟန်ချက်ပျက်လာတာပါပဲ ။ ဆရာစာမသင်မီ အတန်းသားတွေ စောစောကြိုရောက်ပြီး စာစသင်ဖို့ အဆင်သင့်ပြင်ထားတာကလည်း ဆရာနဲ့တပည့်တွေရဲ့ကြားကိုနွေးထွေးစေတဲ့ ကြားခံနယ် ရိုသေလေးစားမှုတစ်ခုပါပဲ ။ အခုတော့ ၁၀ တန်းအောင်ပြီးကတည်းက အဲဒီ အရသာကို ကောင်းကောင်းမခံစားရတာ တော်တော်လေးကြာခဲ့ပါပြီ ။ ဘာပဲဖြစ်ဖြစ် " ညီညာထကြွ ဆုံးမနာယူ" ဆိုတဲ့အတိုင်း သင်ယူဖို့သွားတဲ့ တပည့်ဆိုတာ ဆရာ့ထက်တော့ စောစောကြိုရောက်သင့်တယ်မဟုတ်လား ။

လေရူးလည်း နောက်အပတ် အတန်းမစမီစောစောကြီုရောက်အောင် အိပ်ချိန်ကိုပြင်လိုက်ပါဦးမည် ။ ဒါကတော့ လေရူးရဲ့ week 1 က အတွေးစများဖြစ်ပါသည် ။

လေရူး
( Friday , 5:35 pm )

Tuesday, October 13, 2009

M For ( Men ) Layyuu

ဒီတစ်ခေါက် Tag game လေးက Brainstroming Tag လေးပါ ။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ် ။ Tag တဲ့အတွက် ကျေးဇူးပါ မ chocothazin ရေ ။ တတ်နိုင်သလောက်တော့ ကိုယ့်အတွေးနဲ့ကိုယ်ဖြေထားပါတယ် ။ မသိတာကတော့ Google ထဲကနေ မွှေနှောက်လိုက်ပါတယ် ။ :P

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name – ( Men ) Layyu
2. A four letter word – Mice
3. A boy’s name – Michael Jackson
4. A girl’s name – Mariah Careys
5. An occupation – Mathematician
6. A color – Misty Rose
7. Something you’ll wear - Medium Sized Fido Dido T-shirt ( ^_^ )
8. A food – Minced Meat Noodle (( Yummy ^..^ ))
9. Something found in the bathroom – Mirror
10. A place – Mandalay
11. A reason for being late – Meet someone on Gtalk (: It's my lovely Mom & Dad
12. Something you’d shout – Mom ... You Raised me Up more than I can B ~_~
13. A movie title – Madagascar ( Cartoon )
14. Something you drink – Milk Tea
15. A musical group – Metallica
16. An animal – Moose
17. A street name – Magazine Road ( Clarke Quay , Singapore )
18. A type of car – Mercedes
19. The title of the song – Moonlight Shadow ( My favourite Song ) (:
20. A verb – Mingle

စိတ်ဝင်စရာကောင်းတဲ့အတွက် ထပ်ပြီးမျှဝေပေးလိုက်ပါတယ် ။ အချိန်အားရင် ရေးပေးကြပါနော် ။
၁) မ လသာည
၂ ) ကိုချမ်းလင်းနေ
၃ ) ကိုယုယ
သူများအရင်ဦးအောင် တက်ဂ်လိုက်ရပါကြောင်း ....... :))

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်