Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Friday, September 25, 2009

ဗလာ

( photo fm Google )

မက်မောခဲ့ဖူးတယ်
အိပ်မက်ထဲက ထိုတစ်နေ့ကို ။

အဆုံးသတ်ပြန်တော့လည်း
ဟဒယက
လစ်ဟာကြွင်းကျန်နေဆဲ ပါပဲ ။

တစ်နေ့နေ့တော့
ငါလိုချင်တဲ့
ငါ့အိပ်မက်ကို
ဆုပ်နမ်းနေတဲ့
ငါ့နှလုံးမှာ
အပြုံးပန်းတွေ
ပွင့်လန်းနေချင်သေးပါရဲ့ ။ ။

3 comments:

Yu Ya said...

ကျွန်တော်ဆီ လာလည်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မန့်ခဲ့တဲ့အတွက်လည်း အသိအမှတ်ပြုပါတယ်။ ကျွန်တော်လည်း ပြန်လိုက်လည်ပါတယ်။ နောင်ကိုလည်း မကြာခဏ လာလည်ပါအုံးမယ်ခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ပါစေ။

yu ya

Beauty Studio USA Branded Store said...

ကဗျာနာမည်လေးက ဗလာဆိုပေမယ့် ဖတ်သူတွေရင်မှာတော့ ဟာတာတာကျန်ခဲ့တယ်။ တောင့်တတဲ့နေ့လေးကို ဖမ်းယူနမ်းဆုပ်နိုင်ပါစေဗျာ။
လာလည်သွားလို့ ကျေးဇူးနော်။
နောင်လဲ လာလို့ရအောင် လင့်ယူသွားပါရစေ။ခင်မင်မှုပေါ့ဗျာ။ လေးစားအားပေးလျှက်
ချမ်းလင်းနေ

လသာည said...

လေရူးလေးရေ.. အစ်မသတိထားမိတယ်။ လေရူးလေးဟာ ကြိုးစားချင်တဲ့စိတ် အရမ်းရှိတာပဲလို့..။ အစ်မငယ်ငယ်တုန်းကတော့ လေရူးလိုမဟုတ်ခဲ့ဘူး။ ဒါကြောင့် အခုထိ ဘာမှ မဘာသေးဘူး။ ကြိုးစား လေရူး တနေ့နေ့ အခုမက်နေတဲ့ အိမ်မက်ကို ဆုပ်နမ်းနိုင်မှာပါ။ အားပေးနေတယ်။

အစ်မ

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်