လေရူးက မြန်မာနိုင်ငံမှာတုန်းကဆို ဟင်းမချက်တတ်ပါဘူး ။ စားပဲစားတတ်တာ ။ ဒါနဲ့ စင်္ကာပူရောက်တော့လည်း စလုံးအိမ်မှာနေတာဆိုတော့ "ဆီလုံးဝမသုံးရ" ဆိုတာနဲ့ ဘာမှမချက်တတ်တဲ့သူနဲ့ အဆင်ပြေတာပေါ့ ။ ဒီကိုဆယ်တန်းအောင်တာနဲ့ရောက်တာလည်းပါတာပေါ့လေ ။ ( တကယ်တော့ ဆင်ခြေပါ ။ ) ဒါနဲ့ ကြာတော့ မြန်မာအစားအစာ ငတ်တော့လည်းမနေနိုင်ပါဘူးရယ်လေ ။ နောက် မြန်မာအိမ်ရောက်တော့လည်း စချက်ကြည့်ရတော့တာပေါ့ ။ အစကတော့ ငန်တာ ၊ အရောင်မလှတာတွေပဲ များပါတယ် ။ အခုတော့ကြည့်ပျော် ၊ ရှု့ပျော် ၊ စားပျော်တော့ရှိနေပါပြီ ။ :P ဒါတောင် တစ်ခါတစ်ခါ အစပ်အဟပ်က တည့်တာမဟုတ်ဘူး ။းD အွန်လိုင်းက ဟင်းချက်နည်းဘလော့တွေနဲ့ အိမ်ရှင်အစ်မတွေက အလွန်ကျေးဇူးတင်စရာကောင်းတဲ့ လေရူးရဲ့ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေပါ ။
+++++++++++++++++++++++++++
ကဲ ... ဒီကနေ့ ကြာဇံကြော်စားပါတယ် ။ လေရူးရဲ့ ပထမဦးဆုံးလက်ရာ ကြာဇံကြော်ပါ ။ ပန်းမုန်လာထုပ်လှီးတုန်း လက်ရှသွားပါသေးတယ် ။ အိမ်မှာလည်း ပလာစတာမရှိတော့ လက်ကို tissue အုပ်ပြီး အနီးအနားက ကုလားကုန်စုံဆိုင်ကိုပြေးရပါသေးတယ် ။ ကုလားမအစ်မကြီးက တော်တော်လေး သဘောကောင်းပါတယ် ။ လက်ကို အရက်ပျံတို့ပေး ၊ ဆေးလိမ်းပေးပြီး ပလာစတာကပ်ပေးလိုက်ပါတယ် ။ သူမက ပလာစတာဖိုးဘဲယူပါတယ် ။ အိမ်မှာလည်းမရှိတာမို့ ကျေးဇူတင်စွာနဲ့ ဟန်နီးပလတ်စ် ပလာစာ ၁ ဘူး ဝယ်လာလိုက်ပါတယ် ။းD ဒါလေးကတော့ ဒီနေ့ တွေ့ကြုံရတဲ့ နိုင်ငံရပ်ခြားနွေးထွေးမှုလေးတစ်ခုပါ ။း)
သီးစုံကြာဇံကြော်
အအီပြေ ချိုချိုချဉ်ချဉ်ကီဝီသီး
အလှစားမဟုတ်ပါဘူး ။ အဝစားနော် ။း)
4 comments:
လေရူးရေ
လာလည်ပြီး မန့်သွားတယ်။
ကြာဇံကြော် လာစားသွားတယ်။
(စိတ်နဲ့)
အဟဲ ကျွန်မက ဟင်းသီးဟင်းရွက်မစားလို့ တကယ်မစားသွားတာနော်။
လာလည်ပြီး မန့်သွားပေးတာ ကျေးဇူးပါ။
ပန်းရင့်ရောင်
www.panyink.blog.co.uk
လေရူး..
စာဖိုမှုးလေရူးချန်ဂင်.. အရမ်းတော်တယ်။ စားချင်စဖွယ်ချက်တတ်ပြီပေါ့. ဟုတ်လား
ကြာဇံကြော်လာစားသွားတယ်
လေရူးရေ ပထမဆုံးစကြော်တာလို့
မပြောရင် ထင်မှာမဟုတ်ဘူး
အမြင်လှတယ်
အရသာလဲရှိမယ့်ပုံ
စားတောင်စားချင်လာတယ်
မစားရတာကြာပြီ
:D
Post a Comment