Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Monday, November 9, 2009

သီတဂူ ဓမ္မသဘင် ( စင်္ကာပူ )



စင်္ကာပူကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ၊ တရားချစ်ခင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး မှ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများအား နိုဝင်ဘာ ( ၁၅ ) ရက် တနင်္ဂနွေနေ့တွင် Eunos MRT အနီး မင်္ဂလ၀ိဟာရ ကျောင်းအတွင်း၌ ညနေ (၄) နာရီမှ (၆)နာရီအချိန်ထိ နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာကောင်းများကိုဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

တရားတော်နာ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း သီတဂူဆရားတော်ဘုရားကြီး ဟောကြားချီးမြှင့်တော်မူသော တရားတော် CD များ ၊ သီတဂူမေတ္တာပို့ဓမ္မစာစောင်များ ၊ ရေသန့်ဗူးများကို ဝေငှ၍ ဒါနပြုမှာဖြစ်ပါတယ်....။

တရားပွဲပြီးဆုံးသွားပါက တရားနာပရိတ်သတ်များအနေဖြင့်လည်း တရားတော် နာယူကြသည့်နေရာ ၊ ဌါနအတွင်းတွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် ကုသိုလ် ပါဝင်နိုင်ကြပါကြောင်း ထပ်မံ၍ သတင်းကောင်းပါးအပ်ပါတယ်...။

သို့ပါ၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြသည့် ဓမ္မမိတ်ဆွေမောင်နှမများအနေဖြင့် စင်္ကာပူနိုင်ငံ၏ ကြုံတောင့်ကြုံခဲလှစွာသော သီတဂူတရားပွဲကြီးသို့ အတူတစ်ကွ တရားတော်နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်...။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...
တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့
Friends always share good things . So, Let your friends know about this too .

Credits to သီတဂူ အရှင်ကောဝိဒသိရီ ( blog )

ရိုသေလေးစားစွာဖြင့်
လေရူး

2 comments:

လသာည said...

တိုက်ရိုက် တရားနာယူနိုင်ဖို့ onlineအစီအစဉ်ရှိလား ညလေး..

Beauty Studio USA Branded Store said...

ကုသိုလ်ထူးတဲ့ တရားအလှုပွဲပဲနော်။သာဓု၊ သာဓု၊သာဓု ပါဗျာ။

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်