စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ဘယ်လို burglish ရိုက်တတ် ဖတ်တတ်သွားကြတာလဲ ။ လေရူဖြစ်ပုံက ဒီလိုနော ။
++++++++++++++++++++++++++++++
လေရူးတို့ ၁၀ တန်းဖြေပြီးတော့ အားနေတာနဲ့ မန္တလေး Yadanabon ဈေးအပေါ်ထပ်က MICT Park မှာ သူငယ်ချင်းတွေနဲ့ တစ်ပြုံကြီး သင်တန်းတွေသွားတက်ကြလေရဲ့ ။မှတ်မှတ်ရရ အင်တာနက်သုံးနည်းသင်တန်း သင်တဲ့ဆရာမပြောတာက gmail account ဆိုတာ ဖွင့်ချင်တိုင်းဖွင့်လို့မရဘူးတဲ့ ။ ရန်ကုန်ကို မေးလ်ပို့ပြီး Comfirm လုပ်မှရတာဆိုပဲ ။ အဲဒီတုန်းက account တွေဘာတွေလည်း မဖွင့်တတ်ခဲ့ပါဘူး ။ သူက အဲဒီလိုပြောတော့ စင်္ကာပူရောက်တဲ့ အထိ အဲဒီလိုပဲ ထင်တုန်း ။းP နောက်ကျရင် သူဒီလိုပြောခဲ့တဲ့ သင်တန်းသူတွေက ကိုယ့်ဖာသာကိုယ် အကောင့် ဖွင့်တတ်သွားမယ်ဆိုတာ သိမယ်ဆိုရင် သူလည်း အဲဒီလို ဘယ်ပြောလိမ့်မလဲနော ။
ဒီလိုနဲ့ အင်တာနက်ဆိုတဲ့ သင်တန်းကြီးပြီးတော့ အပြင်မှာသုံးသည်ပေါ့လေ ။ Gtalk တော့ မဟုတ်ဘူး ။ Person.com လား ။ Zorpia လားမသိဘူး ။ Nickname ကြိုက်တာပေးပြီး အွန်လိုင်းမှာ စိမ်းနေတဲ့သူတွေနဲ့ ချက်လို့ရတယ် လေ ။ ကိုယ်လည်း သင်ပြီးခါစဆိုတော့ ဟိုစမ်းတစ်ဝါးဝါး ဒီစမ်းတစ်ဝါးဝါး သုံးကြည့်တာပေါ့ ။ နည်းနည်းတော့ ကြောက်တာပေါ့ ။ အွန်လိုင်းက သူတွေက ဘယ်သူမှန်းမသိ ၊ ဘယ်ဝါမှန်းမသိဆိုတော့ ။ အဲဒီမှာ သွားသုံးတဲ့အချိန် တိုက်ဆိုင်လို့လားပဲမသိဘူး ။ ဘယ် chat room မဆို မြန်မာတွေချည်းပဲလို့ပြောရလောက်အောင် မြန်မာတွေအရမ်းများပါတယ် ။
Communication ပြဿနာကစတာပါပဲ ။ chat room မှာ သူတို့ကိုယ်သူတို့ပြောတော့သာ ဘယ်တက္ကသိုလ် ညာတက္ကသိုလ်တက်နေတယ်ပြောတာ ။ အင်္ဂလိပ်လိုရိုက်တာက အပေါက်အလမ်းကို မတည့်ပါဘူး ။ အဲဒီမှာ ကိုယ်တောင် တက္ကသိုလ်တက်ရင် တစ်ခြားစာတွေအရမ်းလုပ်ရလို့ အင်္ဂလိပ်စာမှာ အဲသည်လိုပဲဖြစ်သွားမှာလားလို့ ဇဝေဇဝါဖြစ်သွားသေးတယ် ။းD
ဒါနဲ့လည်း တကယ့်ပြဿနာကမစ သေးပါဘူး ။ တစ်ချို့တွေက လာနှုတ်ဆက်ကတည်းက Burglish နဲ့ လာချက်တာ ။ ကိုယ်က စသုံးတဲ့သူမို့ Burglish မဖတ်တတ်ပါဘူးလို့ပြောရင် တစ်ချို့တွေက အလိုက်အထိုက်နားလည်ပေးပါတယ် ။ ကိုယ်နားမလည်တဲ့ Burglish ကိုတောင် ဘာသာပြန်ပေးသေးတယ် ။
ဒါပေမယ့် တစ်ချို့လူတွေက အဲဒီလိုများ လက်ကရိုက်လိုက်မိရင် " မင်းက Burglish မတတ်ရအောင် မြန်မာမဟုတ်ဘူးလား ။ $%^& " နဲ့ ပြောတာ ။း\ အဲဒီလို ၂ ယောက် ၃ ယောက်လောက် ကြုံတော့ လေရူးတို့ ထိုချက်ရွန်းများဖက်သို့ လုံးဝမှပင် မလှည့်ဖြစ်တော့ပါဘူး ။ နောက်ပိုင်း စင်္ကာပူလာဖို့ စာမေးပွဲကိစ္စ ၊ ဆေးကျောင်း ကျူရှင်ကိစ္စ တွေဘာတွေ ရှုပ်သွားတာလည်းပါတာပေါ့လေ ။
သို့ပင်သော်လည်း စင်္ကာပူရောက်လာသည့်တိုင် Burglish ကိုလည်း မသင်ဖြစ်သေးပါဘူး ။ မြန်မာလိုလည်းမရိုက်တတ်သေးပါဘူး ။ ဒါပေမယ့် ကိုယ်လိုသူလိုသူငယ်ချင်းတွေ Burglish လိုပဲရိုက်ကြတော့ Burglish ဆိုတာကြီးကို သူငယ်ချင်းဆီက သင်ဖြစ်သွားပါတယ် ။ အိမ်ကတော့ Burglish ရိုက်တတ် ၊ ဖတ်တတ်သွားတာကို သဘောမကျပါဘူး ။ သူတို့က သူများမိုးခါးရေသောက်တိုင်း ကိုယ်လိုက်သောက်နေတာ ဆိုတဲ့ ပုံစံနဲ့ ပြောပေမယ့်လည်း ရောမရောက်ရင် ရောမလိုကျင့်ရမှာ မဟုတ်လား ။း) အခုအချိန်ထိလည်း Burglish ကို အကျွမ်းကျင်ကြီးတော့ မဟုတ်သေးပါဘူး ။
မြန်မာစာလက်ကွက်ရိုက်တတ်သွားတာတော့ Blog ရေးချင်တဲ့ရောဂါထလာလို့ zawgyi font ကိုအပြေး install လုပ် ၊ ပြီးတော့ နှစ်ရက်လောက် အသည်းအသန် လက်ကွက်ကြီး ကြည့်ကြည့်ပြီး ရိုက်ကျင့်ပြီးမှ blogging ဖြစ်သွားတာပါ ။ ^_^
ဒါကတော့ လေရူးရဲ့ History of burglish && Zawgyi font typing ပဲဖြစ်ပါတယ်ရှင် ။
( ပို့စ်တင်ဖို့ ရေးစရာစိတ်ကူး မရှိဘူးဆိုပြီး ဟိုဘလော့သွား ဒီဘလော့သွား တစ်နေကုန် လျှောက်သွားနေရင်းနဲ့ စိတ်ကူးပေါက်လာလို့ တင်လိုက်တာပါ ။ ) ထုံးစံအတိုင်းပါပဲ picture from google
1 comment:
ဟုတ်ကဲ..
ဒါဆို သင်ပေးပါဦး Burglishလေး နည်းနည်းလောက် :P
Post a Comment