Blog Archive

လေရူးကြိုက်တဲ့ Internet Magazine

Thanlwin.com

Sunday, August 30, 2009

အခုတလော

တွေးနေမိတာက -- ကျောင်းပိတ်ရက်ဘာလုပ်ရင်ကောင်းမလဲ ??

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက -- Oh My English !!

ကျန်းမာရေး --- ကောင်းပါတယ် ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက -- ဖတ်ဖို့ စာအုပ်ရှာထားတယ် ။ သွားမငှားရသေးဘူး ။

ရောက်ဖြစ်နေတာက -- နေရာအနှံ့က ဘလော့အိမ်လေးတွေ

ချရေးဖြစ်နေတာက -- ကောင်းရာကောင်းနိုးစာအုပ်နာမည်လေးတွေ

နားထောင်ဖြစ်နေတာက -- ဘာမှနားမထောင်ဖြစ်ပါဘူး ။

ရွတ်နေမိတာက -- မိတ္ထီလာကန်ဝယ် xxx ဖားကောက်ခဲ့ပါ့မယ်xxx ဗျိုင်းရှေ့ကxxx ( ငှားနေတဲ့အိမ်က ကလေးနဲ့ဆော့ ဆော့နေ့လို့းP )

ဖြစ်ချင်နေတာက -- အင်္ဂလိပ်စကားကို ဒီ့ထက်ပိုကောင်းအောင်ပြောတတ်ချင်တယ် ။ ကျောင်းပြီးရင် MBA တက်ချင်တယ် ။

စားဖြစ်နေတာက -- ကျောင်းပိတ်ထားတော့ home-made curry လေးတွေ

သနားနေမိတာက -- စင်္ကာပူက ကိုယ်စားဖို့ ကိုယ်အလုပ် လုပ်နေရတဲ့ အိုကြီးအိုမ ဖိုးဖိုးဖွားဖွားတွေ

လွမ်းနေမိတာက -- တစ်ချိန်တုန်းက တို့တတွေ

မေ့လျော့ပစ်နေမိတာက -- တစ်ချိန်တုန်းက တို့တတွေ

ဆန္ဒမရှိတဲ့နေရာ -- အတိတ်

ဆန္ဒရှိတဲ့နေရာ -- လောလောဆယ် ပိုင်ဆိုင်နေရတဲ့ အချိန်လေးတွေ

မုန်းတီးနေမိတာက -- မရှိပါဘူး

ချစ်နေမိတာက -- မေမေ ၊ ဖေဖေ နဲ့ ညီမလေး

စိတ်ပျက်နေမိတာက -- အအိပ်လွန်တဲ့ လေရူး

စွဲလမ်းနေမိတာက -- Facebook နဲ့ ဘလော့လည်ရတာကို

လိုအပ်နေတာက -- ပြည့်စုံပါတယ် ။ ( ဟိုနေ့က Facebook မှာ Fortune cookie ကပြောတယ် All u need is provided တဲ့ ) (း

တောင်းနေမိတဲ့ဆု -- ဒီကံကြွေးများ ဒီဘဝမှာတင်ကြေရပါလို၏ ။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက -- ကျောင်းပိတ်သွားပြီ ။

ဝန်ခံချင်တာက -- ငါ ပိုရင့်ကျက်ဖို့လိုသေးပါလား ။

ငှက်ရေ ( ဝက်ဝံလေးရေ ) ချစ်ရောင်ရင်းကြီး ။ အကြာကြီးပျောက်သွားတဲ့အတွက် ဆောရီးနော် ။ ဟိုဘလော့ကို အမှတ်တရလေးတစ်ခု အနေနဲ့ပဲထားချင်တယ် ။ ဒါကြောင့် ချိတ်ပိတ်လိုက်ပြီ ။ လင့်ခ်ရင်တော့ အရင်က နာမည်ဟောင်းမပါအောင် လင့်ခ်ပေးပါနော် ။း)
မန်းလေရူး

1 comment:

ဝက်ဝံလေး said...

အော် ဘယ်လူများလဲလို့ လက်စသတ်တော့ သူကိုးသူကိုးးးး ဟဟဟ ဟုတ်ပြီလေ ရေးပေးတဲ့အတွက် ကျေးဇူးးးး အများ ကြီးတင်ကြောင်း ပြောချင်ပါတယ် လေရူးလေးရေ လင့်ခ် ထားလိုက်ပီနော်

ဘိုင် တာ့တာ

Followers

သတင်းစကား

c-box ကအောက်မှာပါနော် ။ ^_^

စာမေးပွဲပြီးသွားပြီ ။ အလုပ်မရှိ ၁၀၉ ၊ ၁၁၀ ဖြစ်နေ၏ ။
လုပ်ချင်စိတ်ရှိလျှင်တော့ လုပ်စရာတွေ အများကြီးပဲရှိ၏ ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။
ခင်မင်လေးစားလျက်
လေရူး။

=D Welcome to My Part Time Job

http://www.emailcashpro.com

ပြောချင်တာလေးတွေ ပြောခဲ့လို့ရအောင်